ခရစ်နှစ် ၂၀၂၁ခုနှစ်၊ဇွန်လ၊၁၃ရက်နေ့သတင်းများ စုစည်းဖေါ်ပြချက်
သပိတ်နှင့် ဆန္ဒပြပွဲ
ပြည်နယ်၊ တိုင်းနှင့် မြို့နယ်အသီးသီးတွင် အမျိုးမျိုးသော သပိတ်စစ်ကြောင်းများ ပေါ်ထွက် ပြုလုပ်လျက်ရှိ နေတယ်ဟု တွေ့ရှိရပါတယ်။ (Source - မြေပြင်သတင်းတပ်ဖွဲ့)
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့နေ မြန်မာတက်ကြွလှုပ်ရှားသူများက မွေးရပ်ဇာတိမြေတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ။
ချက်နိုင်ငံ၊ ပရာ့ဂ် မြို့မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှု ( Global Myanmar Spring Revolution ) ပြုလုပ်။
ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့ ကိုရီးယားတွင်လည်း ကျင်းပ။
ဂျပန်နိုင်ငံ၊ ရှီဇုအိုကာမြို့တွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများ နေ့လယ် ၁၁ နာရီ (ဂျပန် စံတော်ချိန်) တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦတော်လှန်ရေးနေ့ အထိမ်းအမှတ် လမ်းလျှောက် ချီတက်ပွဲ ပြုလုပ်။
ယနေ့ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပြင်သစ်ရောက်မြန်မာများအဖွဲ့ (La Communauté Birmane de France) ဦးစီးပြီး မြန်မာပြည်သူများ၊ တိုင်းရင်းသားများ ဆန္ဒထုတ်ဖော် ပြင်သစ်များနှင့်ပြင်သစ်မီဒီယာသမားတချို့ တက်ရောက်။
ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်
စကစက နန့်ဖယ်ခုံနှင့် ဒီးမော့ဆို ကျေးရွာများအတွင်း ဝင်ရောက်ပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်ကာ ပြည်သူ ၁ ဦးကို သတ်ဖြတ်။
ပုသိမ်ကြီးတွင် ရဲနှစ်ဦး အသတ်ခံရပြီးနောက် ဆန္ဒပြလူငယ်မှန်သမျှ အကြမ်း ဖက်စစ်ကောင်စီတပ်က လိုက်ဖမ်း၊ လူငယ် ၂ ဦးကို ဖမ်းမမိ၍ ကျန်းမာရေးမကောင်းသူ မိခင်၊ အစ်မနှင့်အစ်ကိုဖြစ်သူကို ဓားစာခံဖမ်းထား။
ယနေ့ တာချီလိတ်တွင် လူငယ် ၈ဦးကို စစ်ကောင်စီ ဖမ်းဆီး။ ဖမ်းဆီးခံရသူများမှာ မကာအိုခမ်းရပ်ကွက်မှ တစ်ဦးက၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်ဘက်မှ ၃ဦးနှင့် အခြား ၄ဦး။
ရွှေကူမြို့တွင်းရှိ ပြည်သူများအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ (၁၀ဦး) ထက်မနည်း ဖမ်းဆီးခံရ။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အမှုအပါအဝင် နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ကရင်ပြည်နယ်မှ ရှေ့နေနှစ်ဦး ဖမ်းဆီးခံရ။
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဒီမိုကရေစီ အရေးတောင်းဆိုနေသည့် တစ်ဦးအား ဖမ်းမရသေးသည့်အတွက် ၎င်း၏ဇနီးဖြစ်သူနှင့် သမီးဖြစ်သူ ၃ နှစ်အရွယ် ကလေးကို ဖမ်းဆီးသွား။
ရန်ကင်း၊ ၉ရပ်ကွက် အတွင်း မိန်းကလေး ၃ ဦး ဖမ်းဆီးခံရ (6:00 PM)။
ခြိမ်းခြောက်မှုများ
ကျောင်းတက်နေတဲ့ လားရှိုး (TTC)ကျောင်းက ဆရာ၊ ဆရာမတွေ အစည်းအဝေးလုပ်ပြီး CDM လုပ်သူတွေကို ခြိမ်းခြောက်နေ။
မန္တလေးမြို့က ရပ်ကွက်တချို့မှာ NUG/CRPH နဲ့ ပတ်သက်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ခြိမ်းခြောက်စာတွေ လိုက်ကပ်ထား။
ဇွန်လ(၁၂)ရက် မနက်ပိုင်းမှာ ပြည်ခရိုင်၊ပေါင်းတလည်မြို့မှမီတာခမပေးဆောင်သူများကို မီတာခမပေးဆောင်ပါက မီးဖျက်မည်ဟူသော ခြိမ်းခြောက် စာရွက်များဝေ။
ပေါက်ကွဲ၊ မီးလောင်မှုများ
အင်းယားလိခ် Hotel နားရှိ ၁၀၆ ၀င်းအတွင်း ပေါက်ကွဲမှုဖြစ်။
စမ်းချောင်း၊ ကျွန်းတောလမ်းမှာ အုပ်ချုပ်ရေးမှူး ကားဗုံးပေါက် (1:50 PM)။
ရွှေတောင်လေးကျွန်းဆီမီးမှာဘုန်းကြီးဝတ်နေတဲ့လူငယ်(၁)ဦးကိုဒလန်သတင်းပေးမှုဖြင့် စကစမှ ဖမ်းဆီး(10:30pm)။
12.6.2021 မနက် ၈နာရီဝန်းကျင်မှာ စစ်ဘေးရှောင်တွေအတွက် လွိုင်ကော်အဝေးပြေးကားဂိတ်သို့ အလှူရှင်တွေမှ ပေးပို့လာသောပစ္စည်းများကိုသွားယူရင် သက်မူးအောင်နှင့်မင်းဦးတို့ (၂)ဦးတို့ စစ်ခွေးတွေဖမ်းဆီး။
ခင်ဦးမြို့နယ် .စည်ပင်ရုံးကို ဗုံးပေါက်ကွဲ ၊ လူမထိခိုက်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးအရှေ့ ဗုံးပေါက်။
ထားဝယ်မြို့ ပေါက်ကွဲအသံတော်တော်ကြမ်း(8.54pm)။
ဖျက်ဆီး၊ လုယူမှု နှင့် ခိုးမှုများ
စကစမှ မင်းတပ်မြို့နယ်၊ ဘုရားစခန်းရွာရှိ လူနေအိမ်များ ဝင်ရောက်ဖျက်ဆီးပြီး ရွာသားအချို့ ပစ်ခတ်ခံရခြင်းကြောင့် ဆေးကုသမှူ ခံယူရန်လိုအပ်နေ။
မင်းတပ်မြို့နယ် ဘောင်ထဲရွာ အပေါ် ခေါမ်ခွီးခြံဝန်းအတွင်း မီးလောင်မှုတွင် စစ်ရှောင်တွေရပ်ထားခဲ့တဲ့ဆိုင်ကယ်အစီး ၅၀ ကျော် နှင့် ကော်ဖီကြိတ်စက်ရှိသည့်တိုက်အိမ် တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ တွေက လက်နက်ကြီးနှင့် ပစ်ရုံသာမက မိုင်းခွဲ ဖျက်ဆီးခဲ့ကြ။
စစ်ကောင်စီတပ်သားများ ဆက်လက် အင်အားတိုးချဲ့နေ။ ရပ်ရွာလူထု၏ အိမ်တွင်းပစ္စည်းများနှင့် စားသောက်ကုန်များ နေ့စဥ်ရက်ဆက် ခိုးယူ စားသောက်နေ။
စစ်ကောင်စီမှ မင်းတပ်မြို့ရှိ ရေသန့်စက်ရုံ တစ်ခု မိုင်းခွဲဖျက်ဆီးခဲ့ ။ မင်းတပ်တွင် ရေသန့် စက်ရုံ ၂ ရုံသာရှိ။ ကျန်တစ်ခုမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပြည်နယ် ဝန်ကြီးဟောင်း တစ်ဦးက ပိုင်ဆိုင်ကြောင်းသိရ။
စစ်ကောင်စီမှ မင်းတပ်မြို့နယ် နှင့် ကန်ပက်လက် မြို့နယ်များအတွင်းရှိ ခရစ်ယာန်ဘုရား ကျောင်းများ လိုက်လံ ဖျက်ဆီးပြီး ဘာသာရေးဆိုင်ရာ စုငွေ (ဆယ်ဖို့တစ်ဖို့) စုဘူးများ ဖောက်ထုတ် ခိုးယူသွား။
ပစ်ခတ်၊ ထိခိုက်၊ သေဆုံးမှုများ
တောင်ကြီးမြို့နယ်၊ မောက်စံကျေးရွာတွင် (ဇွန်လ ၁၂ ရက်)၊ ညနေ ၃ နာရီဝန်းကျင်က NLD ပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့တွင် ယမန်နေ့ (ဇွန် ၁၂) ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ရာ ဒုရဲအုပ်တစ်ဦး ရင်ဘတ်ကျည်ထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိ။
မြစ်ကြီးနား မြို့ မြစ်ဆုံသွားလမ်း ၁၁ မိုင်ကျော် လမုန်ဇွမ်ကျေးရွာ ငြိမ်းချမ်းရေး ဂေဟာရှေ့မှာ ယနေ့ညနေ ၅ နာရီကျော်ခန့်က စစ်ကောင်စီ တပ်ကား နှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ။
မင်္ဂလာတောင်ညွန့်၊ ၁၂၂လမ်းထဲ လူငယ်တွေရန်ဖစ်တာ ဓါး၁၂ချက်ထိုး ၁ဦး ပွဲချင်းပီးသေ။
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ကြည်ရွာအုပ်ချုပ်ရေးမှူးရဲ့ သမီး(၂)ယောက်ဒီနေ့ ဇွန်လ(၁၃)ရက် ညပိုင်းမှာ ဓားခုတ်ခံရ။
ဒီပဲယင်းမြို့နယ် အင်ပင်ယဒင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ညနေ ၅နာရီလောက်က သေနတ်ဖြင့်ပစ်သွား။ ဦးခေါင်းပွင့်သေဆုံး။
ပြည်တွင်းသတင်း
တိုင်း နှင့် ပြည်နယ် အများတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များဆက်လက်ဖွဲ့စည်း။
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားသည့် အမှုလေးမှုကို မနက်ဖြန် စတင်စစ်ဆေးမည်။
ပြည်သူတွေရဲ့နေအိမ်တွေကိုဖျက်ဆီးနေတဲ့အပြင် စစ်ကောင်စီတပ်၀တ်စုံတွေ၀င်းကကြံ့ခိုင်ရေးပါတီ၀င်တွေကိုပစ်မှတ်ထားတိုက်ခိုက်တော့မယ်လို့စစ်ကိုင်း PDF ကြေငြာ။
တောင်တွင်းကြီးမြို့ပညာရေးဌာနတွင် CDM ပညာရေးဝန်ထမ်းနေရာ အစားထိုးရန် စစ်ကောင်စီကြိုးပမ်း။
ကရင်နီပြည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များကြောင့် ကျဆုံးပြည်သူ ၅၀ရှိ။
CRPH, NUG , PDF တွင် မပါဝင်ကြောင်း ဝန်ခံကတိမပြုသော အမတ်များ အရေးယူရန် စစ်ကောင်စီက လျှို့ဝှက်အမိန့်ထုတ်၊ ဝန်ခံသူ အမတ်များအကြောင်း ဝါဒဖြန့်မီဒီယာများတွင် စစ်ကောင်စီကြေညာမည်။
ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရွာတွေကို ဝင်မွှေရန်ပြင်ဆင်နေလို့ ဒေသခံတွေ ထွက်ပြေးနေရ။
တပ်ပြေး စစ်သားအချို့အား CDF- မင်းတပ် မှစောင့်ရှောက်ကူညီပေးထား။
ဇွန် ၁၂ရက်နေ့က ဒလန်သတင်းပေးကြောင့် ကက်သလစ် ဘုန်းတော်ကြီး ၆ ပါးအား ဖမ်းဆီးသွားပြီး ယနေ့မနက် (13.jun.21) ပြန်လွှတ်ပေး။
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ Khua Hrin Tlang ကျေးရွာတွင် ဇွန်လ ၉ရက်နေ့တုန်းက စကစနှင့်PDFတို့တိုက်ပွဲဲဖြစ်ပွားခဲ့ပြီး။ အနီးကျေးရွာများမှ လူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရ။
တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးတဝိုက်ှင့် YBS များပေါ်တွင် ယနေ့ မွန်းလွဲပိုင်းက Gen Z လူငယ်များမှ "ဖက်ဒရယ်ရောင်နီ" တော်လှန်ရေးဂျာနယ် အစောင် ၅၀၀ ဖြန့်ဝေခဲ့။
ကချင်အမျိုးသား အစည်းအရုံး KNO ကနေ အထူးတပ်မဟာ ၁၀၈ ကို ဖွဲ့စည်းလိုက်တယ်လို့ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်။
စကစ၏ လူမဆန်သည့်လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ရန် ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဆက်လက်ဖိအားပေးဖို့ NUG က တောင်းဆို။
ဆေးပစ္စည်းများ နည်းပါးလာပြီး တစ်ရွာနှင့် တစ်ရွာ ကူးလူး၍ ပစ္စည်းဝေမျှရန် ခက်ခဲ။ လူနာများအတွက် ဆရာဝန်/ သူနာပြု နှင့် ဆေးဝါးအထောက်အကူများ လုံလောက်မှုမရှိ။
စစ်ဘေးရှောင်ပြည်သူများ တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာပြီး၊ မကွေးတိုင်း ယောဒေသသို့ ဆက်လက်ပြောင်းရွှေ့နေကြရ။ COVID 19 ကိစ္စ စိုးရိမ်စရာဖြစ်။
ဒီနေ့ ယုဇနဥယျာဥ်မြို့တော် မှာ ပစ္စည်းပို့တဲ့မိန်းခလေးကို 5လွှာတိုက်ကိုပို့တာ ခွေး6 ကောင်က အခန်းထဲ အဓမ္မဆွဲခေါ်ပီး မုဒိန်းကျင့်။
နိုင်ငံတကာသတင်း
€3tn (နော်ဝေနိုင်ငံ Storebrand Asset Management ၊ အမေရိကန်အခြေစိုက် Domini Impact Investments နဲ့ advocacy group Heartland Initiaive တို့ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၇၇) ရင်းနှီးမြှုပ်နှံသူများအဖွဲ့က စကစနှင့် စီးပွားရေးဆက်နွယ်နေသည့် ရင်းနှီး မြှုပ်နှံသူများကို လုပ်ငန်းများ ရုပ်သိမ်းရေး ဖိအားပေး။
အိန္ဒိယနိုင်ငံ နယ်စပ်တွင် မိဇိုးရမ်ပြည်နယ် တောင်ဘက် လှောင်တလိုင်ခရိုင်တွင် ဇွန် ၁၁ ရက်က Arakan Liberation Army (ALA) မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်(၅) ဦးတို့ ဖမ်းဆီးခံရ။ ၎င်းတို့နဲ့အတူ သေနတ်၊ ကျည်ဆံ၊ လက်ပစ်ဗုံး နဲ့ အာသံရိုင်ဖယ်တပ် တွေပါ ဖမ်းမိ။
တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲ ၁၂ ဦးသေ၊ ၁၄၀ နီးပါးဒဏ်ရာရ။
မြန်မာ့အရေး ထိရောက်စွာ ကူညီနိုင်ရန် လွှတ်တော်တွင် အလေးအနက်ထား တောင်းဆိုသွားမည်ဟု ရှီဇုအိုကာ အမတ်များ ပြောဆို။
ဗြိတိန်နိုင်ငံ၊ Cornwall မြို့မှာ ကျင်းပနေတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ သီးခြားပြုလုပ်တဲ့ စည်းဝေးပွဲအတွင်း ဒေသတွင်း တခြားကိစ္စရပ်တွေ အပါအဝင် မြန်မာနိုင်ငံအရေး ထည့်သွင်းဆွေးနွေး။
နိုင်ငံပေါင်း ၂၅နိုင်ငံ မြို့ပေါင်း ၄၈ မြို့မှာ နိုင်ငံတကာစုပေါင်းလှုပ်ရှားအဖြစ် အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေးမြန်မာ့နွေဦးတော်လှန်ရေး ဆန္ဒပြပွဲနဲ့ G7 ကို တောင်းဆိုပွဲကို ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲကြီးအဖြစ် ဇွန်လ ၁၂ ရက်၁၃ရက် အဖြစ်သတ်မှတ်ကျင်းပ ကြရာမှာ ဂျပန်နိုင်ငံမှာလည်း ဇွန်လ ၁၃ရက်တနင်္ဂနွေနေ့မှာကျင်းပ။Covid-19 News
လားရှိးမြိုတွင် (၉၀)ဦးကို စစ်ဆေးရာ (၁၁)ဦးတွင် Covid-19 ပိုးတွေ့။
လက်ပံတန်းမြို့မှာ ကိုဗစ်၁၉ ကူးဆက်လူနာ တစ်ပတ်အတွင်း ၉၀ဦးထိ ကူးဆက်ခံရပြီး တစ်ဦးသေဆုံး။
မန္တလေးမြို့ ကျွဲဆည်ကန်၃လမ်းမှ ကိုဗစ်ပိုးအတည်ပြုလူနာ နှစ်ဦးတွေ့။
ကလေးမြို့တွင် ကိုဗစ်နဲ့ ၄ ဦးသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၃၀ ရှိ။
ဖလမ်းတွင် ကိုဗစ်လူနာ ၁ ဦးသေဆုံး။
AAPP စာရင်းအရ- အသတ်ခံရသူ - 863 ယောက်- ဖမ်းဆီးခံရသူ - 6,028 ယောက်- ထိန်းသိမ်းခံရသူ - 4,863 ယောက်- အလိုရှိစာရင်း - 1,936 ယောက်
ယနေ့ပြည်တွင်းစျေးနှုန်းများ- ရွှေ [YGN - 1,478,000(23K), 1,578,000(24K)]- ရွှေ [MDY - 1,478,000(23K), 1,578,000(24K)]- USD [ 1,618 (sell), 1,615 (buy)]- Diesel : 995MMK- Premium Diesel : 1005MMK- 92 : 995MMK- 95 : 1080MMK
Today News Update !
Reviewed by
gokul
on
1:36 PM
Rating:
5