ခရစ်နှစ် ၂၀၂၁ခုနှစ်၊ဇွန်လ၊၈ရက်နေ့သတင်းများ စုစည်းဖေါ်ပြချက်Part 1
ပြည်တွင်း နှင့် မြန်မာပြည် သတင်းများ
ယနေ့တွင် စကစကို တရားစွဲနိုင်ရေးအတွက် တိုင်ကြားစာများ တရားဝင်တိုင်ကြားနိုင်ကြောင်း NUG က ထုတ်ပြန် ကြေညာ။ (Source - KhitThitMedia)
ကရင်နီပြည်နယ်တွင် စကစ အင်အား ၃၀၀ နီးပါး ယာဒိုကျေးရွာမှာ တပ်စွဲထားလို့ ဒေသခံများ ထွက်ပြေးရ။ (Source - KantarawaddyTimes)
မြန်မာ့အခြေအနေ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောဆို။ (Source - KhitThitMedia)
အာဆီယံစိတ်ပျက်မှုနှင့်အတူ စကစ သံတမန်ရေး ရှုံးနိမ့်နေ၊ WHO နှင့် ILO အသိအမှတ်ပြုမှု မရ။ (Source - KhitThitMedia)
တင်ဒါစနစ်ဖြင့် ပုံနှိပ်စက်ဝယ်ယူခဲ့ခြင်းအပေါ် ဆောင်းပါး တစ်ပုဒ်နှင့် ပတ်သက် ပြန်ကြားရေးက အမှုဖွင့် တရားစွဲဆို ခဲ့သည့် Weekly Eleven အား စကစမှ ပြန်လည်ရုပ်သိမ်း။ (Source - KhitThitMedia)
နိုင်ငံတော်အတိုင်ပင်ခံအတွက် လှူဒါန်းငွေတွေကို လက်မခံဘူးလို့ ရှေ့နေအဖွဲ့ပြော။ (Source - Mizzima)
ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာသတင်းသမား ၃ဦးအား တတိယနိုင်ငံ တစ်ခုက နိုင်ငံရေးခိုလှုံခွင့် ပေးလိုက်။ (Source - Mizzima)
စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်၊ဝမ်းလျော အဖြစ်များနေ။ (Source - ကန္တာရဝတီတိုင်းမ်)
အင်းစိန်ထောင်တွင်းမှ လူငယ်များကို ပြန်လွှတ်ပေးမည်ဆိုပြီး မိသားစုထံက ငွေတောင်းမှုများရှိနေ။ (Source - DVB)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များအားလုံး ဆိုင်ကယ်များကို စက်သုံးဆီ ရောင်းချခြင်းမပြုရန် ယနေ့နေစွဲဖြင့် စွမ်းအင်ဌာနက အမိန့်ထုတ်ပြန်လိုက်ကြောင်း မြန်မာ့ရေနံလုပ်ငန်း MPE မှ ဝန်ထမ်းတချို့က အတည်ပြု။ (Source - Ayayarwaddytime)
ယနေ့မှစ၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ညမထွက်ရအမိန့်ကို ည ၉ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်။ (Source - KhitThitMedia)
စကစင အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မည့်ကိစ္စအား လူမင်း လုံးဝ လက်မခံ။ (Source - Mizzima)
တန့်ဆည်မြို့နယ်မှ စစ်ကောင်စီမှခန့်အပ်ထားသောကျေးရွာအုပ်ချုပ်ရေးမှူးအချို့ နှုတ်ထွက်။ (Source - MyanmarLabourNews)
ပြည်သူများ မီတာခပေးရန် မလို၊ ကောက်ခံသူများကို အရေးယူမည်ဟု NUG သတိပေး။ (Source - KhitThitMedia)
ကိုးဗစ်နဲ့ပတ်သတ်သော သတင်းများ
ကိုဗစ်-၁၉ ကြောင့် မြန်မာပြည်တွင်း မြို့နယ် ၆ မြို့နယ်ကို လာမယ့် ဇွန် ၁၅ ရက်နေ့ထိ MAI နဲ့ Air KBZ လေကြောင်းခရီးစဉ်တွေပျံသန်းပြေးဆွဲမှု ယာယီရပ်ဆိုင်းထား။ (Source - DVB)
Star City အိမ်ယာတွင်နေထိုင်သူ covid ရောဂါပိုးတွေ့ရှိ။
စကစမှ ဇွန်လ ၈ ရက် ထုတ်ပြန်ချက်အရ ၂၀၂၂ ဦး စိစစ်ရာတွင် ၁၂၃ ဦး ကူးစက်ခံရ။ (Source - MOHS)
ယနေ့ AAPP စာရင်းအရ :- အသတ်ခံရသူ - 857 ယောက်- ဖမ်းဆီးခံရသူ - 5,858 ယောက်- ထိန်းသိမ်းခံရသူ - 4,704 ယောက်- အလိုရှိစာရင်း - 1,936 ယောက်
ယနေ့ပြည်တွင်းစျေးနှုန်းများ- ရွှေ [YGN - 1,569,000(24K), 1,469,000(23K)]- USD [ 1,595 (sell), 1,580 (buy)]- Diesel : 995MMK- Premium Diesel : 1005MMK- 92 : 995MMK- 95 : 1080MMK
သပိတ် နှင့် ဆန္နပြပွဲများ
ပြည်နယ်၊ တိုင်းနှင့် မြို့နယ်အသီးသီးတွင် အမျိုးမျိုးသော သပိတ်စစ်ကြောင်းများ ပေါ်ထွက် ပြုလုပ်လျက်ရှိ နေတယ်ဟု တွေ့ရှိရပါတယ်။ (Source - မြေပြင်သတင်းတပ်ဖွဲ့)
ပေါက်ကွဲနေမှု/ဗုံးနှင့်မီးလောင်နေမှုများ
ယမန်နေ့ည စစ်ကိုင်းတိုင်း၊ နာဂဒေသဦ ဆွမ္မရာမြို့ ၊ ဆွမ္မရာ အခြေခံပညာ အထက်တန်း ကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့။ (Source - KhitThitMedia)
ယနေ့ နံနက် (1:50 AM) နောင်ချိုမြို့မဈေးကြီး တောင်ဘက်ခြမ်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့။ (Source - Deltanewsagency)
ယနေ့ နံနက် (6:00 AM) ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံးကို တွေ့ရှိ။ (Source - Mizzima)
ယနေ့ညနေ (3:00 PM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ဗဟိုမီးသတ်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွား။ (Source - DVB)
ယနေ့ညနေ (3:50 PM) ပြည်လမ်း၊ အင်းယားကန်ဘောင် အနီးတွင် ဗုံး ၂ လုံးပေါက်ကွဲ။ (Source - KhitThitMedia)
ယနေ့ ည (6:40 PM) တရုတ်-မြန်မာ နယ်စပ် ဆင်ဖြူဂိတ်ပေါက်ရှေ့ မိုင်းကွဲ၊ လူထိခိုက်မှုမရှိ။ (Source - KhitThitMedia)
ယနေ့ (7:00 PM) ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ စိန်းရတနာမွန်(မြောက်)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)နားခါ ကျောင်းတွင် မီးလောင်မှုဖြစ်ပွား။ (Source – The 74 Media)
ယနေ့ည ( 8:30 PM) ဟိုပင်မြို့နယ်၊ မြို့သစ်ကလေး ကျေးရွာရှိ အ.ထ.က စာသင်ကျောင်း မီးလောင်။ (Source - KachinNewsGroup)
ယနေ့ည ( 8:40 PM) မိုးကုတ်အရှေ့ပိုင်း (မိုးကုတ်ဆေးရုံကြီး၊ဆေးရုံဝန်းထမ်းအိမ်ရာနောက်ဘက်) ပေါက်ကွဲသံ ၂ ချက်ကြားရ။ (Source - MGKinfo)Part 2
ဖမ်းဆီးနေမှုများနှင့် စီးနင်း ဝင်ရောက်/လုယူ နေမှုများ
ယနေ့နံနက် (5:00 AM) ချောင်းဦးမြို့နယ် သပိတ်ခေါင်းဆောင် အမျိုးသား ၁ဦးနှင့် အခြား အမျိုးသား ၂ဦးလည်း ထပ်မံ ဖမ်းဆီးခံရ။ (Source - မျက်မှောက်ခေတ်)
ယနေ့နံနက်ပိုင်းတွင် စဉ့်ကူးမြိုန့ယ် ဟင်္သာမကျေးရွာအတွင်းသို့ ညသပိတ်လုပ်သည်ဆိုကာ စကစမှဝင်ရောက်လာပြီး အမျိုးသား ၄ဦးနှင့် အမျိုးသမီး ၁ဦး ဖမ်းဆီးခံရ။ (Source - Mizzima)
ယနေ့နံနက် (9:00 AM) ဘုရင့်နောင်လမ်းမပေါ်က သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူငယ် ၃ဦးကို ဖမ်းဆီးခံရ။ (Source - MyanmarLabourNews)
လှိုင်သာယာမြို့နယ်တွင်း ဆိုင်ကယ် ဖမ်းဆီးမှုမှာ မြို့နေရာအနှံ့အပြားတွင် ဖြစ်နေ။ (Source - HTY_Information)
ယနေ့ အမရပူရ ကျောင်းသားများသပိတ် လူစုခွဲအပြီး သပိတ်စစ်ကြောင်းနှင့် မဆိုင်သည့် လမ်းသွားလမ်းလာ ပြည်သူ ၃ဦး ဖမ်းဆီးခံရ။ (Source - KhitThitMedia)
ယနေ့မွန်းလွဲပိုင်းတွင် မန္တလေး အောင်ပင်လယ် ပင်မသပိတ် လူစုချိန် ဖြိုခွင်းခံရ၊ ပြည်သူ ၂ဦး ဖမ်းဆီးခံရ။ (Source - KhitThitMedia)
စကစရဲ့ လက်ချက်ကြောင့် လက်တစ်ဖက်ပြတ်ခဲ့ရတဲ့ ကိုလျှံဖြိုးအောင်ကို မကွေး ဒေါင်းနေထောင်မှာ ချုပ်နှောင်ခံရ။ (Source - KhitThitMedia)
ယနေ့နေလည် (1:00 PM) ဟားခါးမြို့မစျေးက ဆိုင်ရှင်အမျိုး ၁ဦးအား ဖမ်းဆီးခံရ၊ ညနေပိုင်း တွင် ပြန်လည် လွတ်မြောက်။ (Source - chinworld)
ယနေ့မွန်းလွဲပိုင်းတွင် ဒီပဲယင်း၊ ယဉ်ကျေးရွာ တောရကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီး။ (Source - KhitThitMedia)
ကလေးမြို့တောင်ပိုင်းရွာတွင် ကာကွယ်ရေးတပ်ဖွဲ့၀င်ဟု စွပ်စွဲ၍ လူငယ် ၈ ဦးကို စကစ ဖမ်းဆီး။ (Source - BAP)
ယနေ့ ညနေ (4:00 PM) မိုးကုတ်ပြင်ဦးလွင်လမ်း၊ မိုင်းလုံလမ်းခွဲတွင် မိုးကုတ်သို့ပြန်လာသော ကားသမား ၁ ဦးအပါအဝင် လူငယ် ၆ ဦး (စုစုပေါင်း ၇ ဦး)အား စကစမှ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး။ (Source - MGKinfo)
ယနေ့ည (7:30 PM) ဖားကန့်တွင် စကစများက ညသပိတ်ဖြိုခွဲပြီး နေအိမ်များကို ဝင်ရောက်စစ်ဆေး။ (Source – The 74 Media)
ဖားကန့်တွင် ဖမ်းဆီးခံရသည့် အလွတ်တန်းသတင်းထောက်ကို ပုဒ်မနှစ်ခုဖြင့်(၅၀၅-(က) နှင့် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈) အမှုဖွင့်။ (Source – The 74 Media)
ဒီမေ့ာဆိုတွင် စကစများက ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီး၊ ရပ်ကွက်များတွင် မိုင်းထောင်နေ။ (Source - KhitThitMedia)
ယနေ့ မြိတ်တွင် ကဗျာဆရာ မောင်ယုပိုင်အပါအဝင် ဖမ်းဆီးခံထားရသူ ၃၂ ဦးကို ထောင်ဒဏ်အမိန့်များချ။ (Source - KhitThitMedia)
စကစ အာဏာသိမ်းပြီးနောက် အဖမ်းဆီးခံထားရသော ဆရာတော်သံဃာတော်များစာရင်း နှင့်သတ်ဖြတ်ခံခဲ့ရသော သံဃာတော်များ၊ စုစုပေါင်း (၁၈)ပါးအား စာရင်းထုတ်ပြန်။ (Source - MyanmarLabourNews)
ပစ်ခတ်နေမှုများနှင့် သေဆုံးမှုများ/ပျောက်ဆုံးနေမှုများ
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စကစများနှင့် ဒေသခံ Chin Defense Force - CDF (Mindat) တပ်ဖွဲ့ဝင်တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အာဇာနည် သူရဲကောင်း ၂၁ ဦးကျဆုံး။ (Source – KhitThitMedia)
ယနေ့နံနက်မှစတင်ပြီး မင်းတပ်မြို့နယ် စစ်ဘေးရှောင်ရှိတဲ့ ကျေးရွာတွေဖက်ကို စကစမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၊ CDF တပ်ဖွဲ့ဝင် ၁ဦး ကျဆုံး ။ (Source - ChinWorld)
ယနေ့ နံနက် (8:30 AM) ကချင်ပြည်နယ်၊ မံစီတွင် ပြည်သူတစ်ဦး လက်နက်ကြီးစ ထိမှန်။ (Source - The 74 Media)
ယနေ့ နံနက် (10:00 AM) တာမွေမြို့နယ်က စကစခန့် အုပ်ချုပ်ရေးမှူး အပစ်ခံရပြီး သေဆုံး။ (Source - KhitThitMedia)
ယနေ့နံနက် (11:45 AM) မန္တလေးမြို့ ၊ပုသိမ်ကြီးမြို့နယ်၊ မြကျောက်ဘုရားအနီးမှာ ရဲ ၂ယောက် ပစ်ခတ်ခံရ၊ ၂ဦးလုံးသေဆုံး။ (Source - KhitThitMedia)
ယနေ့နေ့လည် (12:00 Noon) ဝန်းကျင်မှ စပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေး ကျေးရွာမှာ စကစနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေ။ (Source - မျက်မှောက်ခေတ်)
ယနေ့ မွန်းလွဲ (1:00 PM) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စကစ ၏ သင်္ဘောပေါ်မှ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရ။ (Source – The 74 Media)
ကသာမြို့တွင် စကစ၏ သင်္ဘောတစ်စီးက မြစ်ကမ်းဘေးမှ ပြည်သူများကို ရမ်းသမ်းပစ်ခတ်။ (Source – The 74 Media)
ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီယာဉ်တန်းများကို ကေအိုင်အေက ၂၄ နာရီအတွင်း နှစ်ကြိမ်တိုက်ခိုက်။ (Source – The 74 Media)
ကယားပြည်နယ်၊ လွယ်ရင်းတွင် စကစမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် စစ်ရှောင်အချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရ။ (Source - KhitThitMedia)
ဒီမေ့ာဆိုတွင် စကစများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ။ (Source - KhitThitMedia)
ယနေ့ ညနေပိုင်းတွင် အမည်မသိသေနတ်သမား ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုကြောင့် မွန်ညီညွတ်ရေးပါတီ အမျိုးသားလွှတ်တော်အမတ်လောင်း ဒေါ်ဝေသီဖြိုး သေဆုံး။ (Source - MyanmarLabourNews)
BIG NEWS UPDATE !
Reviewed by
gokul
on
1:35 PM
Rating:
5